အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် မိဘမေတ္တာနှင့် နှိုင်းစာပါက မိုးရေတစ်စက်မျှလောက်သာ ဖြစ်ပေ၏။
မြင့်မြတ်ကြီးမားသော ကြင်နာခြင်းတရားသည် မိခင်တို့၌ ထာဝစဉ် တည်ရှိနေမည်ဖြစ်သော တုနှိုင်းမရသည့် ဂုဏ်ပုဒ်တစ်ခုပင်ဖြစ်သည်။
ကျွန်ုပ်နှင့် ကျွန်ုပ် အောင်မြင်မှုသည် ကျွန်ုပ်မိခင်၏ ကျေးဇူးတရားများသာ ဖြစ်ပေသည်။
တေးကဗျာတို့အနက် အမေ့အကြောင်းကို သီဖွဲ့သော တေးကဗျာတို့သည် အသာယာဆုံး ဖြစ်သည်။
မိခင်တို့၏ နှလုံးသားသည် ကလေးငယ်များ၏ ဘ၀သင်ခန်းစာများပင် ဖြစ်သည်။
31 December 2007
မိခင်မေတ္တာဥယျာဉ်
30 December 2007
ပညာပန်း ၀၂
လူတစ်ယောက်မှာ ဖတ်စရာ စာအုပ်နှစ်အုပ်ရှိပါတယ်-
မိမိကိုယ်နှင့် သူတပါး။
မိမိကိုယ်တည်းဟူသော စာအုပ်ကို ဖတ်ခြင်းသည် လူတော် လူကောင်းဖြစ်နိုင်၏။
သူတပါးတည်းဟူသော စာအုပ်ကိုဖတ်ခြင်းသည် လူတော် လူကောင်း ဖြစ်ဖို့ခဲယဉ်း၏။
ဘုရားလောင်းသည် မိမိကိုယ်တည်းဟူသော စာအုပ်ကို ကောင်းစွာဖတ်ခြင်းကြောင့် ဘုရားဖြစ်ခဲ့၏။ >ဆရာတော် ဦးဆန္ဒာဓိက
နည်းနည်းလေးပဲသိရင်တော့ တွေးနိုင်ခေါ်နိုင်တဲ့အဆင့် ရောက်မှာမဟုတ်ဘူး၊
အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ကိုယ်ဆုပ်ကိုင်မိတဲ့၊ လေ့လာမိတဲ့ ပညာတစ်ခုခုကို
အဆုံးအထိလေ့လာသင့်ပါတယ်။ အကျိုးမဲ့သွားတယ်ဆိုတာ ဘယ်တော့မှ၊ ဘယ်အရာမှ မရှိပါဘူး။ ဘယ်ပညာပဲဖြစ်ဖြစ်ပါ။
ဘယ်အရိပ်အာဝါသကိုမှ အေးမြတယ်ဆိုပြီးတော့ ခိုလှုံဖို့မကြိုးစာကြပါနဲ့၊
ထွန်းလင်းတောက်ပတဲ့ နေရောင်ခြည်အောက်မှာ ပူပါစေ၊ ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပါ၊ ပညာရှာရမှာပါ၊ ခက်ခဲတဲ့ဘ၀ကိုဖြတ်သန်းရမှာပါ။ အရာရာဟာ ခက်ခဲမှုကို ဖြတ်သန့်ရတာချည်းပါဘဲ။
-တွေးသိသမျှ-
 
 သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...