လူတစ်ယောက်မှာ ဖတ်စရာ စာအုပ်နှစ်အုပ်ရှိပါတယ်-
မိမိကိုယ်နှင့် သူတပါး။
မိမိကိုယ်တည်းဟူသော စာအုပ်ကို ဖတ်ခြင်းသည် လူတော် လူကောင်းဖြစ်နိုင်၏။
သူတပါးတည်းဟူသော စာအုပ်ကိုဖတ်ခြင်းသည် လူတော် လူကောင်း ဖြစ်ဖို့ခဲယဉ်း၏။
ဘုရားလောင်းသည် မိမိကိုယ်တည်းဟူသော စာအုပ်ကို ကောင်းစွာဖတ်ခြင်းကြောင့် ဘုရားဖြစ်ခဲ့၏။ >ဆရာတော် ဦးဆန္ဒာဓိက
နည်းနည်းလေးပဲသိရင်တော့ တွေးနိုင်ခေါ်နိုင်တဲ့အဆင့် ရောက်မှာမဟုတ်ဘူး၊
အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ကိုယ်ဆုပ်ကိုင်မိတဲ့၊ လေ့လာမိတဲ့ ပညာတစ်ခုခုကို
အဆုံးအထိလေ့လာသင့်ပါတယ်။ အကျိုးမဲ့သွားတယ်ဆိုတာ ဘယ်တော့မှ၊ ဘယ်အရာမှ မရှိပါဘူး။ ဘယ်ပညာပဲဖြစ်ဖြစ်ပါ။
ဘယ်အရိပ်အာဝါသကိုမှ အေးမြတယ်ဆိုပြီးတော့ ခိုလှုံဖို့မကြိုးစာကြပါနဲ့၊
ထွန်းလင်းတောက်ပတဲ့ နေရောင်ခြည်အောက်မှာ ပူပါစေ၊ ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပါ၊ ပညာရှာရမှာပါ၊ ခက်ခဲတဲ့ဘ၀ကိုဖြတ်သန်းရမှာပါ။ အရာရာဟာ ခက်ခဲမှုကို ဖြတ်သန့်ရတာချည်းပါဘဲ။
-တွေးသိသမျှ-
30 December 2007
ပညာပန်း ၀၂
Labels:
ငါဘယ်လို လူစားလဲ?
Subscribe to:
Post Comments (Atom)

သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...



No comments:
Post a Comment