23 April 2008

MY HEART WILL GO ON

MP3 PLAYERထဲမှ လေးပုဒ်မြောက်, တိုင်တင်းနစ်ဇာတ်ကားမှ{MY HEART WILL GO ON}သီချင်းကို စာသားနှင့်အတူ နားဆင်နိုင်ကြောင်း အကျိုးမျှော်၍ မောင်းထုလိုက်ရကြောင်းပါ ခင်ဗျားးးး ဒူ ဟူ ဟူ ဟူ

{MY HEART WILL GO ON}
Every night in my dreams,
I see you, I feel you,
That is how I know you go on,
Far across the distance,
And spaces between us,
You have come to show you go on, near, far,
Wherever you are,
I believe that the heart does go on,
Once more, you open the door,
And you’re here in my heart,
And my heart will go on and on,
Love can touch us one time,
And last for a life-time,
And never let go till we’re one,
Love was when I loved you,
One true time I hold to,
In my life, we’ll always go on, near, far,
Wherever you are,
I believe that the heart does go on,
Once more, you open the door,
And you’re here in my heart,
my heart will go on, ummmm...
You’re here,
There’s nothing I fear,
And I know that my heart will go on,
We’ll stay,
Forever this way,
You are safe in my heart,
And my heart will go on and on, ummmmmm...

သူငယ်ချင်းရေ



ရိုးရိုးလေး

FiNaL ExAm

ဖြေဆိုနေဆဲ

ဖြစ်ပါသည်



သူ

achit

19 April 2008

ကာရာအိုကေ

..၀ိုင်ဝိုင်းရဲ့..“အိမ်ပြန်ချိန်”..ကာရာအိုကေ..သီချင်းလေးကို..နားဆင်မိပြီး..အဲဒီထဲက..“ပျော်ရွှင်စရာများ..ယူသွားလိုက်ပါ,..ငိုချင်တာတွေ..မင်းလေးမေ့ပစ်လိုက်ပါ”..ဆိုတဲ့ စာသားလေးကို..ဒီလိုလေး..အသုန်းချကြည့်..ရရင်ကောင်းမလားလို့..တို့တစ်တွေ..နှစ်သစ်မှာ..နှစ်ဟောင်းက..ပျော်ရွှင်စရာလေးတွေပဲ..ယူခဲ့ပြီ၊
ငိုချင်စရာ/၀မ်းနည်းချင်..စရာလေးတွေကိုတော့..
Good Bye..လို့ဆိုပြီး..နှုတ်ဆက်ထားခဲ့ရရင်..

18 April 2008

မှန်ကြည့်ကြစို့လား

မနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မေမေ့သည်ကို ဖုန်းဆက်ပြီး မြန်မာHappy New Yearအနေနဲ့ မေမေနဲ့ မီးနစ် သုံးဆယ်လောက် ရိုးရိုးလေး စကားပြောဖြစ်ပါတယ်။ အလ္လာပသလ္လာပစကားပြောပြီးတိုင်း ထုံးစံအတိုင်း မေမေက ရိုးရိုးလေးကို ဆုံးမနေကြစကားကတော့ နံပါတ်တစ် စိတ်ကောင်းမွေးဖို့၊ နံပါတ်နှစ် ကျန်းမာရေးဂရုစိုက်ဖို့၊ နံပါတ်သုံး စာကြိုးစားဖို့၊ နံပါတ်လေး သူငယ်ချင်းတွေနဲ့ တည့်အောင်နေဖို့ ဆုံးမလေ့ရှိပါတယ်။
မနေ့က ထူးထူးခြားခြား မြန်မာနှစ်သစ်ကူးလက်ဆောင်အနေနဲ့ မေမေပြောတဲ့စကားကတော့ သားလေးကို မှန်တစ်ချက်ပေးမယ်ဆိုတဲ့ စကားပါ။ သားလေးအတွက် မေမေက မှန်တစ်ချက်ကို လက်ဆောင်ပေးမယ်လို့ပြောတော့ ကျွန်တော် တော်တော်အံ့သြသွားမိတယ်။
ဖုန်းဆက်ပြောနေရင်း မေမေက ရုတ်တရက်ကြီး ပြောတာဆိုတော့ ဘယ်လိုလုတ်ပြီးမှန်ကို နှစ်သစ်လက်ဆောင်အနေနဲ့ ပေးမလဲပေါ့။ မေမေ!ဘယ်လိုလုတ်ပြီး မှန်ကိုလက်ဆောင်အနေနဲ့ ဖုန်းထဲကနေ ပေးမှာလဲလို့မေးတော့..“ကိုယ့်စိတ်ကိုပြန်ကြည့်တဲ့ မှန်တဲ့”။
အဲဒီတော့မှ...ဒါဆို..မေမေပြောပြဆိုတော့...အောက်ပါအင်္ဂလိပ်လိုပြောပြတဲ့ စိတ်ကြည့် မှန်ပါပဲ။
မေမေပေးတာက ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဖို့ စိတ်ကြည့်မှန် ဆုံးမစာတမ်လေးပါ။
ရိုးရိုးလေးစိတ်ကူးနဲ့..ပုံဖော်စီစဉ်ကာ သူငယ်ချင်းများကိုလည်း လာရောက်ကြည့်နိုင်ဖို့ ထောင်ထားတာပါ။ လာရောက်ကြည့်နိုင်ပါတယ်။
ကျန်နှစ်ခုကတော့ ကျွန်တော့်မှတ်သားထားတာကို ပုံဖော်ထားတာပါကွယ်။
မေမေဘာလို့ ဒီလိုပြောနိုင်တာလဲ? ဒါ့ကြောင့်ပါ....
ရိုးရိုးလေး...မေမေက မေမေတတ်တဲ့ ဆေးပညာဖြင့် Physicalရောဂါကိုလည်း ကုသပေးနေ၊ နောက် Physicalရောဂါထက်ဆိုးတဲ့ Mentalရောဂါကိုလည်း ညစဉ် မေမေ့ဆွေမျိုး/အသိုင်းအ၀ိုင်းများနှင့်အတူ အိမ်တွင်း တရားစခန်းအဖြစ်စီစဉ်ကာ ကုသပေးနေသူပါ။
mind1

body


wisdom




နှစ်သစ်သူငယ်ချင်းရေ

-၁၃၆၉-ဘ၀စာသင်နှစ်ဟောင်းကိုတော့ “ဘိုင်ဘိုင်”လို့နှုတ်ဆက်ပြီးပြီ။
နှစ်သစ်မှာ ဘာလုပ်မလဲလို့စဉ်းစားရင်း-နံပါတ်တစ်က:-

၁၃၇၀!

နောက်-၁၃၇၀-ရဲ့ ဘ၀စာသင်နှစ်လည်း ပြန်စရတော့မယ်လေ...ရိုးရိုးလေးတို့ သူငယ်ချင်းတို့တစ်တွေ
ဘ၀စာမေးပွဲ မကျရှုံးဖို့ ကြိုးစားကာပြင်ဆင်ကြရတော့မယ်..ဘ၀စာသင်နှစ် အဟောင်းက ဘာတွေမှားခဲ့သလဲ?ဘာတွေအားနဲချက်ရှိခဲ့သလဲ? အားနဲချက်ရှိခဲ့ရင် ပြင်ဆင်ရမယ်၊ လိုအပ်ချက်ကို ဖြည့်ဆည်းရမယ်။ ဒါက နှစ်ဟောင်းအတွက် ပြန်လည်သုံးသပ်ဖို့ပါ။
နောက်..နှစ်သစ်အတွက် ဘာကြိုတင်ပြင်ဆင်မလဲ?
အင်းးးးးးးးးးးးးး- ဘ၀စာသင် နှစ်သစ်မှာ ဘ၀စာမေးပွဲအတွက် ဘာကြိုတင်ပြင်ဆင်မလဲဆိုတာ့...
အဓိကပြင်စရာလိုတာကတော့ စိတ်လှအောင်ပြင်ဖို့ဖြစ်မယ်ထင်တယ်နော်။ ဘာလို့လည်းဆိုတော့...အရာရာဟာ စိတ်ကနေပေါက်ဖွားလာတယ်လို့ ရိုးရိုးလေး ခံယူလို့ပါ။
ဒီလိုလေး---- ကျွန်တော်တို့ရဲ့ စိတ်ဓာတ်သည် အဓိကကုန်ထုတ်လုပ်ရာစက်ရုံတစ်ခုလို့..... သဘောထားကြည့်လိုက်ပါ။
အဲဒီလို ကြည့်လိုက်ရင်..စိတ်စက်ရုံသည် ပစ္စည်းအမျိုးအစားနှစ်ခု ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်လာမယ်။
နံပါတ် (၁)က စိတ်ယုတ်စက်ရုံလေး။ ဒီစက်ရုံကနေ ထုတ်လုပ်လိုက်ရင် ထုတ်ကုန်မှန်သမျှဟာ...ပစ္စည်းညံ့တွေပဲဖြစ်ပေါ်လာမယ်လေ။ အဲဒါဆိုရင်...အရှုံးပေါ်ပြီး, နေရတဲ့ဘ၀လေးမှာ ပူပန်စရာဘ၀လေးဖြစ်နေမယ်ပေါ့ကွယ်။ အရာရာနဲ့လည်း အဆင်မပြေမှုစသည်တွေဖြစ်ပေါ်လာမယ်။
နံပါတ် (၂)က စိတ်ကောင်းစက်ရုံကလေး။ ဟောဒီစက်ရုံကနေ ထုတ်လုပ်လိုက်ရင်တော့...အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေပဲ ဖြစ်ပေါ်လာမှာပါ။ ဒီလိုဆိုတော့...အကျိုးအမြတ်တွေကောင်းကောင်းရပြီး အရာရာနဲ့လည်း အဆင်ပြေကာ ပျော်စရာဘ၀လေးဖြစ်နေမယ်ပေါ့။
ဒီတော့ ကိုယ့်စက်ရုံက နေ့စဉ်ဘာတွေထုတ်လုပ်နေသလဲ ဆိုတာကို ပြန်လည်သုံးသပ်ပြီး... ကိုယ့်စက်ရုံလေး ပြင်စရာလိုရင် ပြင်ကြဖို့ အတွေးပါ။...........
ဘ၀စာမေးပွဲနဲ့သက်ဆိုင်တဲ့ အဓိကလိုအပ်ချက်ကလေးကို စက်ရုံတစ်ခုနဲ့ တင်စားပြီး စဉ်းစားကြည့်တာပါ...
လောကစာမေးပွဲကတော့ ကျောင်းသားတိုင်း နားလည်နေကြတာဆိုတော့ ပြောစရာလိုမယ် မထင်ပါဘူးကွယ်။
ဘ၀စာမေးပွဲကတော့...တော်တော်လေးစဉ်းစားမှ/တွေးမှ ရေးရေးလေးပေါ်တော့..ရိုးရိုးလေး ဉာဏ်မှီသမျှစဉ်းစားကြည့်တာလေးပါ..
အင်းးးးးးးးးစက်ရုံကလေးပြင်ဖို့တော့..စဉ်းစားပြီးပြီ....ရိုးရိုးလေးရဲ့ နှစ်ဟောင်းက စိတ်စက်ရုံလုပ်သား သူငယ်ချင်းများကို....ယခုနှစ်သစ်မှာ..သူငယ်ချင်း ချစ်မေတ္တာစိတ်စက်ရုံဖွင့်ပွဲနဲ့ပဲ နှစ်သစ်မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ကွယ်....
A Circle of Friends
I can talk with a friend
And walk with a friend
And share my umbrella in the rain
I can play with a friend
And stay with a friend
And learn with a friend
And explain
I can eat with a friend
And compete with a friend
And even sometimes disagree
I can ride with a friend
And take pride with a friend
A friend can mean so much to me!
I had a box of crayons,
All shiny, straight and new.
I lent a friend one crayon,
And it broke in two!

My friend said he/she was sorry,
But I said “I don’t care,
‘Cause now we both can color
With one crayon we can share!”
-------crayon--လေးတွေ---
-------၁၃၇၀------
-------၁၃၇၀------

16 April 2008

ဘိုင်ဘိုင် “၁၃၆၉”

၁၃၉၆

မြန်မာနှစ် ၁၃၆၉ခု၊ One Year Courseကုန်လွန်ကာ သွားခဲ့ပါပြီ။
ကျွန်တော် ဘာတွေအောင်မြင်မှုရရှိခဲ့သလဲ? ဘာလုပ်နိုင်ခဲ့သလဲ? ဘာလုပ်ပေးနိုင်ခဲ့သလဲ?
Qလေးတွေ ကိုယ့်ကိုကိုယ် Qကြည့်ပါတယ်။ Self-Examine လုပ်ကြည့်တာပါ။
ဘာတွေအဖြေထွက်လဲဆိုတော့...
၁။ အောင်မြင်မှုကတော့...ရိုးရိုးလေးလာတက်တဲ့ M.A Course-စာမေးပွဲတွင်..ပြီးခဲ့တဲ့အဆင့် သုံးခုမှာToP ThReEထဲဝင်ခဲ့တဲ့ အောင်မြင်မှုပါ။ ကိုယ့်အောင်မြင်မှုကိုပြောတာပါ၊ ကြွားတာမဟုတ်ပါဘူးကွယ်။
၂။ ကိုယ်ကျိုးဘာလုပ်နိုင်ခဲ့သလဲဆိုတော့ ကျောင်းသားဆိုတော့...တစ်ဖက်က သက်ဆိုင်ရာ စာပေသင်၊ အားလုပ်တဲ့ အချိန်မှာ တခြားစာပေ ဗဟုသုတလေ့လာခဲ့သဖြင့်..ဗဟုသုတကိုလည်း အထိုက်အလျောက် ရရှိအောင် တဖက်မှာ လုပ်နိုင်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန် အေးချမ်းဖို့အရေး မေမေခိုင်းတဲ့အတိုင်း တရားအသိလေးနဲ့ တက်နိုင်သလောက် ကြိုးစားနေနိုင်၊ ကျင့်သုန်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ စိတ်ငြိမ်းချမ်းမှု အထိုက်အလျောက်ရရှိခဲ့ပါတယ်။ အမေ့သားလေး ဖြစ်ခွင့်ရရှိခဲ့ခြင်းရဲ့ ရလာဒ်ပါ။ မေမေက တရားနဲ့အလုပ် တစ်ထပ်ထဲဖြစ်ဖို့ သင်ကြားပေးခဲ့တာကတော့ ငယ်စဉ်ကတည်းကပါ။ ဒါက-ဒီနှစ်အဖြေထွက်တဲ့ ထူးခြားတဲ့အမှတ်အနေနဲ့တွက်တာပါ။ စိတ်ချမ်းသားမှုပေါ့။ စိတ်ချမ်းသာတော့..စာပေသင်ကြားရတာ..စာကျက်ရတာ..ရလွယ်ပါတယ်။ ကျွန်တော်ပြောပြနိုင်သလောက် စိတ်ချမ်းသာမှုရဲ့ အကျိုးကျေးဇူးပါ။
၃။ ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတော့...အသွင်မတူတဲ့ဝေးတမြေမှာဆိုတော့..အခက်အခဲမျိုးစုံတွေ့ကြုံရတယ်ဆိုတာ ရေခြားမြေခြားနေဘူးတဲ့ လူတိုင်းသိမယ်လို့ထင်ပါတယ်။ အခက်အခဲတွေ့ကြုံရတဲ့ လူမျိုးစုံ၊ နိုင်ငံစုံ၊ ဘာသာစုံ၊ ကဏ္ဍစုံမှ ကျောင်းသားသူငယ်ချင်းတွေကို တတ်စွမ်းသမျှကူညီပေးနိုင်ခဲ့ပါတယ်။
ဒါကတော့ ကောင်းကျိုးအနည်းအငယ်ပေါ့။

ကောင်းကျိုးရှိရင် ဆိုးကျိုးဆိုတာလည်း ရှိစမြဲလေ။ အကောင်းနဲ့အဆိုးက စုံတွဲမဟုတ်ပါလား? အဖြူနဲ့အမဲ/ အအေးနဲ့အပူ အတွဲလေးတွေရှိသလိုပေါ့။
ဆိုးကျိုးကတော့...
၁။ ဆရာကိုပြန်ဖိုက်ခဲ့တယ်...သင်တန်းစာနဲ့ဆိုင်တာကိုပြောတာပါ။ မြန်မာတစ်ယောက်အနေနဲ့ ပြန်ကြည့်မယ်ဆို ဆရာကိုပြန်ဖိုက်တာက ရိုင်းတယ်မဟုတ်လား? ဒါကြောင့် ရိုးရိုးလေးအတွက် ၁၃၆၉ရဲ့ ဆိုးကျိုးတစ်ခုလို့ အမှတ်တွက်တာပါ။ ဒီမိုကရေစီနိုင်ငံအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ ဆိုးကျိုးမဟုတ်ဘူးလို့ ပြောရမယ်ထင်တယ်။
၂။ နိုင်ငံစုံ၊ ဘာသာစုံမှ ကျောင်းသားစုံကို ကောင်းကျိုးအနေနဲ့ ကူးညီခဲ့သလို..
၁၃၆၉ခုနှစ်မှာ လေးခါလောက် ဖိုက်ခဲ့ပါတယ်။ အဓိကက မြန်မာဆိုရင် နှိမ်ချင်ကြတယ်လေ။ ပြည်ပမှာရောက်ဘူး/နေဘူးသူတိုင်း တွေ့ကြုံဘူးမယ်ထင်ပါတယ်။ အဲဒါကို ရိုးရိုးလေးက တစ်ယောက်ထဲဆိုပေမယ့်...မကြောက်ပါဘူး။ အလောင်းမင်းတရားကြီးရဲ့ မြေးတော် မြစ်တော်ပီပီ ပြန်ချဲတာပေါ့။ ဘယ်ရမလဲ။ နောက် ပြည်ပကိုရောက်ရောက်ချင်း ဖိုက်ရတာကတော့FROနဲ့ပါ။ {Foreign Registration Office}။
အဲဒါလည်း “ဖိုက်”တာဆိုတော့ ဆိုးကျိုးအမှတ်ထဲပဲထည့်လိုက်ပါတယ်။
အဲဒီတော့ ၁၃၆၉-ခုနှစ်ရဲ့ တစ်နှစ်စာ ရမှတ်တွက်မယ်ဆို ၆၀%တော့ရမယ်လို့ ထင်ပါတယ်။ ကျရှုံးမှတ်ကတော့ ၄၀%လောက်ဖြစ်မယ်။
ရိုးရိုးလေးကိုယ်တိုင်ဖြေခဲ့တာကို ကိုယ်တိုင်ပြန်တွက်ကြည့်တဲ့...One Year courseရဲ့ ကောင်းကျိုး/ဆိုးကျိုးအမှတ်ပါ။


12 April 2008

ဘယ်လိုပျော်မလဲ

မြန်မာနှစ်သစ်ကူးကို ဘယ်လိုပျော်ကြမလဲ?
ဘုရားမှာ ဒီလိုပျော်ကြမှာလား?


ဒီလိုလေး အေးအေးချမ်းချမ်းပျော်ကြမလား?

ဒီလိုလေးဘဲ...ဆူဆူညံညံ..အန္တရာယ်များစွာနဲ့ ပျော်ကြမလား?
သင်္ကြန်သီချင်းလို..တစ်နှစ်မှာတစ်ကြိမ်/ တစ်ကြိမ်မှာ ၄ရက်/၅ရက်အပျော်မျိုး..
ခဏပျော်လေးနဲ့ ပျော်ကြမလား?
အဲဒါဆို သင်္ကြန်သီချင်းများပမာ..ဖြစ်သွားမှာပေါ့ကွယ်..
နာမည်ကြီးအဆိုတော်တစ်ယောက်ပြောဘူးတာကို ရိုးရိုးလေးမှတ်သားဘူးတာလေးတစ်ခုရှိတယ်၊ ပြောပြမယ်နော်..သူ့ကို ပရိတ်သတ်တွေကမေးကြတယ်တဲ့...ဘာလို့ သင်္ကြန်သီချင်းတွေကို မဆိုတာလဲတဲ့?
အဲဒီတော့ သူဖြေလိုက်တာက..သင်္ကြန်သီချင်းဆိုတာက..သင်္ကြန်ပြီးရင်ပျောက်သွားတယ်တဲ့။
နောက်..သူဆက်ပြောတာလေးက သိပ်စိတ်ဝင်းစားဖွယ်ကောင်းတာ..ဘာလဲဆိုတော့...အမြဲရှင်သန်နေတဲ့ သီချင်းပဲ ဆိုချင်ပါတယ်တဲ့ခင်ဗျာ။
အဲဒီတော့..ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရမှာက
အမြဲရှင်သန်/ပျော်ရွှင်မှုမျိုးနဲ့ ပျော်ချင်သလား?
ဒါဆိုဘယ်လိုပျော်ကြမလဲ?
ကျွန်တော်တို့က လူငယ်တွေဆိုတော့ လူငယ်ဘ၀ကို အပြစ်ချပြောမလား?
Or, ရိုးရိုးလေး မပျော်ရလို့ ဒီလိုတွေးပြီး ပြောနေတာလား? Half No. Half Yes.
“ကျွန်တော်တစ်ယောက်ထဲ မြန်မာနှစ်သစ်ကူးကို လွမ်းဆွက်ရင်း အတွေးပေါ်လာတာလေးတစ်ခုပါ”
ဘယ်လိုပျော်မလဲ

10 April 2008

မြန်မာသင်္ကြန်သမိုင်း

မြန်မာနှစ်ကူးပွဲတော် ဘယ်ကစခဲ့သလဲ? သမိုင်းနောက်ခံက ဘာလဲ?
ကျွန်တော်သမိုင်းသုတေသီတော့မဟုတ်ပါ၊ ဒါပေမယ့် ကျွန်တော်ဖတ်ဘူး/လေ့လာဘူးတဲ့ သမိုင်းစာအုပ်တစ်အုပ်အလိုအရ မြန်မာသင်္ကြန် (သို့) မြန်မာနှစ်သစ်ကူးပွဲတော်သည် ပုဂံမင်းတစ်ပါးလက်ထက် ဧရာဝတီမြစ်ကမ်းဘေးမှာ နွေရာသီ (April)မိဖုရားတွေရေဆင်းချိုးရင်း ရေကစားရာကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုကျွန်တော် သင်္ကြန်လည်းနီး အမိမြန်မာပြည်နှစ်သစ်ကူးကို လွမ်းဆွတ်သတိရသဖြင့် လက်လှမ်းမှီရာ အင်တာနက်မှာ ရှာကြည့်တော့ သင်္ကြန် (သို့) မြန်မာနှစ်သစ်ကူးအကြောင်း သမိုင်းစာ တစ်မျိုးတွေ့ရသဖြင့် သူငယ်ချင်းများကိုလည်း အမိမြန်မာပြည် သင်္ကြန် (သို့) နှစ်သစ်ကူးပွဲတော်ကို သိစေလိုသော ဆန္ဒဖြင့်….ကျွန်တော် တွေ့ရှိတဲ့ သင်္ကြန်သမိုင်းကြောင်းကို ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။ စာဖတ်သူတို့တွေ့ရှိထားတာရှိကလည်း Cboxကနေ အော်ထားခဲ့ပါလို့ အကြံပြုရင်း------

The Myanmar New Year falls on the second week of April. The New Year is ushered in by three days of Water Festival. According to folklore, Tha-gyar-min (သကြားမင်း), king of the celestials, will be on a visit to the human abode for three days.
The Myanmar New Year falls on the second week of April. The New Year is ushered in by three days of Water Festival. According to tradition, Tha-gyar-min (သကြားမင်း), king of the celestials, will be on a visit to the human abode for three days.
Who is Tha-gyar-min (သကြားမင်းဆိုတာ ဘယ်သူလဲ)?
Thagyannin may belong to myths, but he is very much within the domain of Buddhist thought and way of life. He is not an immortal like the Greek gods. There is no such thing as an immortal according to the -teachings of the Buddha. Tha-gyar-min, like all celestials, has a very long life- span, thousands of times longer than human life. The life of a celestial is counted in astronomical figures.
However, Tha-gyar-min is a being who is going round the cycle of rebirth, like humans. Tha-gyar-min is just a being, who in his other lives, most probably human, has done good deeds, the strength of which causes him to be reborn in that state. The state of being a human is believed to be the best in which to do good deeds that would enable one to go up higher states of existence.

How to become a Thagyarmin or a celestial? (သကြားမင်းဘယ်လိုဖြစ်သလဲ?)
In one of the Jataka tales, the tales that tell of the former lives of the Buddha, there is an account of how the dynasty of Tha-gyar-min started.
There was a man named young man, Margha (မာဃလုလင်) who organized good works, like repairing roads, building bridges, and digging wells. He gave all he could for the cause. When he died, he was reborn in the celestial regions (နတ်ပြည်) as king of the celestials. Some of the details of his story will again turn up in the story of the monsoon season in the month of June.
The story of Tha-gyar-min is like a guide to Myanmar Buddhists: How to become a Tha-gyar-min. Repair roads, build bridges, dig wells, in future you might be a tha-gyar-min.

Tha-gyar-min's duties and obligations (သကြားမင်း၏တာဝန်နှင့်ဝတ္တရားများ)
A Tha-gyar-min's life is one of bliss and sensual pleasures, as could be imagined, with four chief queens and billions of beautiful nymphs. The life of bliss lasts only so long as the force of good deeds lasts. If he is too steeped in pleasures, he might forget to reinforce his good deeds until too late. As in the nature of things, Tha-gyar-min comes and goes. The line of Tha-gyar-min goes on and on.
The Tha-gyar-min of today is fortunate, because he has his duties and obligations. The story goes that the Buddha before he entered the Parinibbana(ပရိနိဗ္ဗာန်) summoned the Tha-gyar-min and entrusted him with the responsibility of seeing that the Buddha's teachings flourish. Tha-gyar-min is there to see that humans live according to the way of life taught by the Buddha. This act in itself is a good deed, so it is not possible for the Tha-gyar-min to forget to reinforce his good deeds.
It is by way of helping and guiding humans that he comes down to bring in the new year and remind people of their religious and spiritual duties. New Year is the time for people to cleanse themselves of the defilements they might have collected during the year and look forward to a better life.



သင်္ကြန်မှာ အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ပါစေ