18 April 2008

နှစ်သစ်သူငယ်ချင်းရေ

-၁၃၆၉-ဘ၀စာသင်နှစ်ဟောင်းကိုတော့ “ဘိုင်ဘိုင်”လို့နှုတ်ဆက်ပြီးပြီ။
နှစ်သစ်မှာ ဘာလုပ်မလဲလို့စဉ်းစားရင်း-နံပါတ်တစ်က:-

၁၃၇၀!

နောက်-၁၃၇၀-ရဲ့ ဘ၀စာသင်နှစ်လည်း ပြန်စရတော့မယ်လေ...ရိုးရိုးလေးတို့ သူငယ်ချင်းတို့တစ်တွေ
ဘ၀စာမေးပွဲ မကျရှုံးဖို့ ကြိုးစားကာပြင်ဆင်ကြရတော့မယ်..ဘ၀စာသင်နှစ် အဟောင်းက ဘာတွေမှားခဲ့သလဲ?ဘာတွေအားနဲချက်ရှိခဲ့သလဲ? အားနဲချက်ရှိခဲ့ရင် ပြင်ဆင်ရမယ်၊ လိုအပ်ချက်ကို ဖြည့်ဆည်းရမယ်။ ဒါက နှစ်ဟောင်းအတွက် ပြန်လည်သုံးသပ်ဖို့ပါ။
နောက်..နှစ်သစ်အတွက် ဘာကြိုတင်ပြင်ဆင်မလဲ?
အင်းးးးးးးးးးးးးး- ဘ၀စာသင် နှစ်သစ်မှာ ဘ၀စာမေးပွဲအတွက် ဘာကြိုတင်ပြင်ဆင်မလဲဆိုတာ့...
အဓိကပြင်စရာလိုတာကတော့ စိတ်လှအောင်ပြင်ဖို့ဖြစ်မယ်ထင်တယ်နော်။ ဘာလို့လည်းဆိုတော့...အရာရာဟာ စိတ်ကနေပေါက်ဖွားလာတယ်လို့ ရိုးရိုးလေး ခံယူလို့ပါ။
ဒီလိုလေး---- ကျွန်တော်တို့ရဲ့ စိတ်ဓာတ်သည် အဓိကကုန်ထုတ်လုပ်ရာစက်ရုံတစ်ခုလို့..... သဘောထားကြည့်လိုက်ပါ။
အဲဒီလို ကြည့်လိုက်ရင်..စိတ်စက်ရုံသည် ပစ္စည်းအမျိုးအစားနှစ်ခု ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်လာမယ်။
နံပါတ် (၁)က စိတ်ယုတ်စက်ရုံလေး။ ဒီစက်ရုံကနေ ထုတ်လုပ်လိုက်ရင် ထုတ်ကုန်မှန်သမျှဟာ...ပစ္စည်းညံ့တွေပဲဖြစ်ပေါ်လာမယ်လေ။ အဲဒါဆိုရင်...အရှုံးပေါ်ပြီး, နေရတဲ့ဘ၀လေးမှာ ပူပန်စရာဘ၀လေးဖြစ်နေမယ်ပေါ့ကွယ်။ အရာရာနဲ့လည်း အဆင်မပြေမှုစသည်တွေဖြစ်ပေါ်လာမယ်။
နံပါတ် (၂)က စိတ်ကောင်းစက်ရုံကလေး။ ဟောဒီစက်ရုံကနေ ထုတ်လုပ်လိုက်ရင်တော့...အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေပဲ ဖြစ်ပေါ်လာမှာပါ။ ဒီလိုဆိုတော့...အကျိုးအမြတ်တွေကောင်းကောင်းရပြီး အရာရာနဲ့လည်း အဆင်ပြေကာ ပျော်စရာဘ၀လေးဖြစ်နေမယ်ပေါ့။
ဒီတော့ ကိုယ့်စက်ရုံက နေ့စဉ်ဘာတွေထုတ်လုပ်နေသလဲ ဆိုတာကို ပြန်လည်သုံးသပ်ပြီး... ကိုယ့်စက်ရုံလေး ပြင်စရာလိုရင် ပြင်ကြဖို့ အတွေးပါ။...........
ဘ၀စာမေးပွဲနဲ့သက်ဆိုင်တဲ့ အဓိကလိုအပ်ချက်ကလေးကို စက်ရုံတစ်ခုနဲ့ တင်စားပြီး စဉ်းစားကြည့်တာပါ...
လောကစာမေးပွဲကတော့ ကျောင်းသားတိုင်း နားလည်နေကြတာဆိုတော့ ပြောစရာလိုမယ် မထင်ပါဘူးကွယ်။
ဘ၀စာမေးပွဲကတော့...တော်တော်လေးစဉ်းစားမှ/တွေးမှ ရေးရေးလေးပေါ်တော့..ရိုးရိုးလေး ဉာဏ်မှီသမျှစဉ်းစားကြည့်တာလေးပါ..
အင်းးးးးးးးးစက်ရုံကလေးပြင်ဖို့တော့..စဉ်းစားပြီးပြီ....ရိုးရိုးလေးရဲ့ နှစ်ဟောင်းက စိတ်စက်ရုံလုပ်သား သူငယ်ချင်းများကို....ယခုနှစ်သစ်မှာ..သူငယ်ချင်း ချစ်မေတ္တာစိတ်စက်ရုံဖွင့်ပွဲနဲ့ပဲ နှစ်သစ်မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ကွယ်....
A Circle of Friends
I can talk with a friend
And walk with a friend
And share my umbrella in the rain
I can play with a friend
And stay with a friend
And learn with a friend
And explain
I can eat with a friend
And compete with a friend
And even sometimes disagree
I can ride with a friend
And take pride with a friend
A friend can mean so much to me!
I had a box of crayons,
All shiny, straight and new.
I lent a friend one crayon,
And it broke in two!

My friend said he/she was sorry,
But I said “I don’t care,
‘Cause now we both can color
With one crayon we can share!”
-------crayon--လေးတွေ---
-------၁၃၇၀------
-------၁၃၇၀------

No comments: