မနေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မေမေ့သည်ကို ဖုန်းဆက်ပြီး မြန်မာHappy New Yearအနေနဲ့ မေမေနဲ့ မီးနစ် သုံးဆယ်လောက် ရိုးရိုးလေး စကားပြောဖြစ်ပါတယ်။ အလ္လာပသလ္လာပစကားပြောပြီးတိုင်း ထုံးစံအတိုင်း မေမေက ရိုးရိုးလေးကို ဆုံးမနေကြစကားကတော့ နံပါတ်တစ် စိတ်ကောင်းမွေးဖို့၊ နံပါတ်နှစ် ကျန်းမာရေးဂရုစိုက်ဖို့၊ နံပါတ်သုံး စာကြိုးစားဖို့၊ နံပါတ်လေး သူငယ်ချင်းတွေနဲ့ တည့်အောင်နေဖို့ ဆုံးမလေ့ရှိပါတယ်။
မနေ့က ထူးထူးခြားခြား မြန်မာနှစ်သစ်ကူးလက်ဆောင်အနေနဲ့ မေမေပြောတဲ့စကားကတော့ သားလေးကို မှန်တစ်ချက်ပေးမယ်ဆိုတဲ့ စကားပါ။ သားလေးအတွက် မေမေက မှန်တစ်ချက်ကို လက်ဆောင်ပေးမယ်လို့ပြောတော့ ကျွန်တော် တော်တော်အံ့သြသွားမိတယ်။
ဖုန်းဆက်ပြောနေရင်း မေမေက ရုတ်တရက်ကြီး ပြောတာဆိုတော့ ဘယ်လိုလုတ်ပြီးမှန်ကို နှစ်သစ်လက်ဆောင်အနေနဲ့ ပေးမလဲပေါ့။ မေမေ!ဘယ်လိုလုတ်ပြီး မှန်ကိုလက်ဆောင်အနေနဲ့ ဖုန်းထဲကနေ ပေးမှာလဲလို့မေးတော့..“ကိုယ့်စိတ်ကိုပြန်ကြည့်တဲ့ မှန်တဲ့”။
အဲဒီတော့မှ...ဒါဆို..မေမေပြောပြဆိုတော့...အောက်ပါအင်္ဂလိပ်လိုပြောပြတဲ့ စိတ်ကြည့် မှန်ပါပဲ။
မေမေပေးတာက ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဖို့ စိတ်ကြည့်မှန် ဆုံးမစာတမ်လေးပါ။
ရိုးရိုးလေးစိတ်ကူးနဲ့..ပုံဖော်စီစဉ်ကာ သူငယ်ချင်းများကိုလည်း လာရောက်ကြည့်နိုင်ဖို့ ထောင်ထားတာပါ။ လာရောက်ကြည့်နိုင်ပါတယ်။
ကျန်နှစ်ခုကတော့ ကျွန်တော့်မှတ်သားထားတာကို ပုံဖော်ထားတာပါကွယ်။
မေမေဘာလို့ ဒီလိုပြောနိုင်တာလဲ? ဒါ့ကြောင့်ပါ....
ရိုးရိုးလေး...မေမေက မေမေတတ်တဲ့ ဆေးပညာဖြင့် Physicalရောဂါကိုလည်း ကုသပေးနေ၊ နောက် Physicalရောဂါထက်ဆိုးတဲ့ Mentalရောဂါကိုလည်း ညစဉ် မေမေ့ဆွေမျိုး/အသိုင်းအ၀ိုင်းများနှင့်အတူ အိမ်တွင်း တရားစခန်းအဖြစ်စီစဉ်ကာ ကုသပေးနေသူပါ။


သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...



No comments:
Post a Comment