မြန်မာနှစ်သစ်ကူးကို ဘယ်လိုပျော်ကြမလဲ?
ဘုရားမှာ ဒီလိုပျော်ကြမှာလား?
ဒီလိုလေး အေးအေးချမ်းချမ်းပျော်ကြမလား?
ဒီလိုလေးဘဲ...ဆူဆူညံညံ..အန္တရာယ်များစွာနဲ့ ပျော်ကြမလား?
သင်္ကြန်သီချင်းလို..တစ်နှစ်မှာတစ်ကြိမ်/ တစ်ကြိမ်မှာ ၄ရက်/၅ရက်အပျော်မျိုး..
ခဏပျော်လေးနဲ့ ပျော်ကြမလား?
အဲဒါဆို သင်္ကြန်သီချင်းများပမာ..ဖြစ်သွားမှာပေါ့ကွယ်..
နာမည်ကြီးအဆိုတော်တစ်ယောက်ပြောဘူးတာကို ရိုးရိုးလေးမှတ်သားဘူးတာလေးတစ်ခုရှိတယ်၊ ပြောပြမယ်နော်..သူ့ကို ပရိတ်သတ်တွေကမေးကြတယ်တဲ့...ဘာလို့ သင်္ကြန်သီချင်းတွေကို မဆိုတာလဲတဲ့?
အဲဒီတော့ သူဖြေလိုက်တာက..သင်္ကြန်သီချင်းဆိုတာက..သင်္ကြန်ပြီးရင်ပျောက်သွားတယ်တဲ့။
နောက်..သူဆက်ပြောတာလေးက သိပ်စိတ်ဝင်းစားဖွယ်ကောင်းတာ..ဘာလဲဆိုတော့...အမြဲရှင်သန်နေတဲ့ သီချင်းပဲ ဆိုချင်ပါတယ်တဲ့ခင်ဗျာ။
အဲဒီတော့..ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရမှာက
အမြဲရှင်သန်/ပျော်ရွှင်မှုမျိုးနဲ့ ပျော်ချင်သလား?
ဒါဆိုဘယ်လိုပျော်ကြမလဲ?
ကျွန်တော်တို့က လူငယ်တွေဆိုတော့ လူငယ်ဘ၀ကို အပြစ်ချပြောမလား?
Or, ရိုးရိုးလေး မပျော်ရလို့ ဒီလိုတွေးပြီး ပြောနေတာလား? Half No. Half Yes.
“ကျွန်တော်တစ်ယောက်ထဲ မြန်မာနှစ်သစ်ကူးကို လွမ်းဆွက်ရင်း အတွေးပေါ်လာတာလေးတစ်ခုပါ”




သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...



No comments:
Post a Comment