၁၃၉၆
မြန်မာနှစ် ၁၃၆၉ခု၊ One Year Courseကုန်လွန်ကာ သွားခဲ့ပါပြီ။
ကျွန်တော် ဘာတွေအောင်မြင်မှုရရှိခဲ့သလဲ? ဘာလုပ်နိုင်ခဲ့သလဲ? ဘာလုပ်ပေးနိုင်ခဲ့သလဲ?
Qလေးတွေ ကိုယ့်ကိုကိုယ် Qကြည့်ပါတယ်။ Self-Examine လုပ်ကြည့်တာပါ။
ဘာတွေအဖြေထွက်လဲဆိုတော့...
၁။ အောင်မြင်မှုကတော့...ရိုးရိုးလေးလာတက်တဲ့ M.A Course-စာမေးပွဲတွင်..ပြီးခဲ့တဲ့အဆင့် သုံးခုမှာToP ThReEထဲဝင်ခဲ့တဲ့ အောင်မြင်မှုပါ။ ကိုယ့်အောင်မြင်မှုကိုပြောတာပါ၊ ကြွားတာမဟုတ်ပါဘူးကွယ်။
၂။ ကိုယ်ကျိုးဘာလုပ်နိုင်ခဲ့သလဲဆိုတော့ ကျောင်းသားဆိုတော့...တစ်ဖက်က သက်ဆိုင်ရာ စာပေသင်၊ အားလုပ်တဲ့ အချိန်မှာ တခြားစာပေ ဗဟုသုတလေ့လာခဲ့သဖြင့်..ဗဟုသုတကိုလည်း အထိုက်အလျောက် ရရှိအောင် တဖက်မှာ လုပ်နိုင်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန် အေးချမ်းဖို့အရေး မေမေခိုင်းတဲ့အတိုင်း တရားအသိလေးနဲ့ တက်နိုင်သလောက် ကြိုးစားနေနိုင်၊ ကျင့်သုန်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ စိတ်ငြိမ်းချမ်းမှု အထိုက်အလျောက်ရရှိခဲ့ပါတယ်။ အမေ့သားလေး ဖြစ်ခွင့်ရရှိခဲ့ခြင်းရဲ့ ရလာဒ်ပါ။ မေမေက တရားနဲ့အလုပ် တစ်ထပ်ထဲဖြစ်ဖို့ သင်ကြားပေးခဲ့တာကတော့ ငယ်စဉ်ကတည်းကပါ။ ဒါက-ဒီနှစ်အဖြေထွက်တဲ့ ထူးခြားတဲ့အမှတ်အနေနဲ့တွက်တာပါ။ စိတ်ချမ်းသားမှုပေါ့။ စိတ်ချမ်းသာတော့..စာပေသင်ကြားရတာ..စာကျက်ရတာ..ရလွယ်ပါတယ်။ ကျွန်တော်ပြောပြနိုင်သလောက် စိတ်ချမ်းသာမှုရဲ့ အကျိုးကျေးဇူးပါ။
၃။ ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတော့...အသွင်မတူတဲ့ဝေးတမြေမှာဆိုတော့..အခက်အခဲမျိုးစုံတွေ့ကြုံရတယ်ဆိုတာ ရေခြားမြေခြားနေဘူးတဲ့ လူတိုင်းသိမယ်လို့ထင်ပါတယ်။ အခက်အခဲတွေ့ကြုံရတဲ့ လူမျိုးစုံ၊ နိုင်ငံစုံ၊ ဘာသာစုံ၊ ကဏ္ဍစုံမှ ကျောင်းသားသူငယ်ချင်းတွေကို တတ်စွမ်းသမျှကူညီပေးနိုင်ခဲ့ပါတယ်။
ဒါကတော့ ကောင်းကျိုးအနည်းအငယ်ပေါ့။
ကောင်းကျိုးရှိရင် ဆိုးကျိုးဆိုတာလည်း ရှိစမြဲလေ။ အကောင်းနဲ့အဆိုးက စုံတွဲမဟုတ်ပါလား? အဖြူနဲ့အမဲ/ အအေးနဲ့အပူ အတွဲလေးတွေရှိသလိုပေါ့။
ဆိုးကျိုးကတော့...
၁။ ဆရာကိုပြန်ဖိုက်ခဲ့တယ်...သင်တန်းစာနဲ့ဆိုင်တာကိုပြောတာပါ။ မြန်မာတစ်ယောက်အနေနဲ့ ပြန်ကြည့်မယ်ဆို ဆရာကိုပြန်ဖိုက်တာက ရိုင်းတယ်မဟုတ်လား? ဒါကြောင့် ရိုးရိုးလေးအတွက် ၁၃၆၉ရဲ့ ဆိုးကျိုးတစ်ခုလို့ အမှတ်တွက်တာပါ။ ဒီမိုကရေစီနိုင်ငံအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ ဆိုးကျိုးမဟုတ်ဘူးလို့ ပြောရမယ်ထင်တယ်။
၂။ နိုင်ငံစုံ၊ ဘာသာစုံမှ ကျောင်းသားစုံကို ကောင်းကျိုးအနေနဲ့ ကူးညီခဲ့သလို..
၁၃၆၉ခုနှစ်မှာ လေးခါလောက် ဖိုက်ခဲ့ပါတယ်။ အဓိကက မြန်မာဆိုရင် နှိမ်ချင်ကြတယ်လေ။ ပြည်ပမှာရောက်ဘူး/နေဘူးသူတိုင်း တွေ့ကြုံဘူးမယ်ထင်ပါတယ်။ အဲဒါကို ရိုးရိုးလေးက တစ်ယောက်ထဲဆိုပေမယ့်...မကြောက်ပါဘူး။ အလောင်းမင်းတရားကြီးရဲ့ မြေးတော် မြစ်တော်ပီပီ ပြန်ချဲတာပေါ့။ ဘယ်ရမလဲ။ နောက် ပြည်ပကိုရောက်ရောက်ချင်း ဖိုက်ရတာကတော့FROနဲ့ပါ။ {Foreign Registration Office}။
အဲဒါလည်း “ဖိုက်”တာဆိုတော့ ဆိုးကျိုးအမှတ်ထဲပဲထည့်လိုက်ပါတယ်။
အဲဒီတော့ ၁၃၆၉-ခုနှစ်ရဲ့ တစ်နှစ်စာ ရမှတ်တွက်မယ်ဆို ၆၀%တော့ရမယ်လို့ ထင်ပါတယ်။ ကျရှုံးမှတ်ကတော့ ၄၀%လောက်ဖြစ်မယ်။
ရိုးရိုးလေးကိုယ်တိုင်ဖြေခဲ့တာကို ကိုယ်တိုင်ပြန်တွက်ကြည့်တဲ့...One Year courseရဲ့ ကောင်းကျိုး/ဆိုးကျိုးအမှတ်ပါ။

No comments:
Post a Comment