03 April 2008

တွေးကြည့်ရင် ဒါတွေဒါတွေ


ကိုယ်ဘာကို ခံစားနေရသလဲ
ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ
သိချင်ရင် တစ်ယောက်ထဲ
အချိန်ယူပြီးတော့
ကိုယ့်စိတ်ကို ကိုယ်
သေသေချာချာ စမ်းစစ်ကြည့်ရမယ်…
---imagination is more important than knowledge---

ကိုယ့်ဘ၀ကို
လက်ရှိအရည့်အချင်း
လက်ရှိဉာဏ်ပညာထက်
ပိုကောင်းလာအောင်
ကြိုးစားအားထုတ်နေရမယ်….
---imagination is more important than knowledge---

မကျေမနပ်ဖြစ်နေတဲ့
စိတ်ဟာ မလွတ်လပ်ဘူး…
ထောင်ကျနေတယ်…
---imagination is more important than knowledge---

အိုးအိမ်မရှိတဲ့သူဟာ
ယောင်လည်လည်
ခြေသလုံးအိမ်တိုင်ဖြစ်နေတယ်…
ဂုဏ်သိက္ခာမဲ့နေတယ်…
သတိမရှိတဲ့ စိတ်ကလည်း ထို့အတူပဲ
ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာ မရှိဘူး…
---imagination is more important than knowledge---
လူတွေကို မယုံတဲ့သူ
လူတွေကို သည်းမခံနိုင်တဲ့သူ
လူတွေအကြောင်း မကောင်းပြောတတ်သူဟာ
အဖော်မဲ့တတ်တယ်…
---imagination is more important than knowledge---
အဖော်ကောင်း
မိတ်ဆွေကောင်း လိုချင်ရင်
ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း
မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ…
---imagination is more important than knowledge---
လောကကြီးမှာ
အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်
ရင့်ရင့်ကျက်ကျက် နေသွားတဲ့လူတွေ လိုတယ်…
ဘ၀ကို ဒီလိုနေပါလို့ နေပြသွားတဲ့ လူတွေလိုတယ်…
---imagination is more important than knowledge---
ဘ၀ကို
နောက်ဆုံးအချိန်အထိ
အဓိပ္ပါယ်ရှိရှိဘယ်လိုနေရမယ်ဆိုတာ
သိဖို့လိုတယ်..အဲဒီလို မသိရင်
ကြာလေ အသုံးမကျလေ ဖြစ်လာတတ်တယ်…
---imagination is more important than knowledge---
ဘယ်အလုပ်မျိုးလုပ်လုပ်
ကိုယ်လုပ်တဲ့အလုပ်ဟာ
ကိုယ့်ရဲ့အကောင်းဆုံး
အရည်အချင်းကို ဖော်ထုတ်ခွင့်
သုံးခွင့်ရတဲ့ အလုပ်မျိုးဖြစ်သင့်တယ်…
---imagination is more important than knowledge---
ကိုယ့်ကို အများဆုံး
စိတ်ဆင်းရဲအောင်လုပ်တာဟာ
သူများမဟုတ်ပါဘူး…
ကိုယ့်စိတ်ပါ…
ကိုယ့်အတွေးပါ…
ကိုယ့်သဘောထား မှားနေလို့ပါ…
---imagination is more important than knowledge---

မိဘတွေဟာ ခေတ်ကာလကို နားလည်ပြီး သားသမီးကို
သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင် နေသွားတတ်ဖို့ ကြိုင်တင်ပြီး ဉာဏ်ကြီးကြီးနဲ့
ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်ပါလိမ့်မယ်…
---imagination is more important than knowledge---
ဘ၀ရဲ့အရည်အသွေး
မြင့်မားစေချင်ရင်
စိတ်ရဲ့အရည်အသွေးကို
မြင့်မားအောင် ကြိုးစားမှ ဖြစ်မယ်…
ဘ၀ရဲ့ အဆင့်အတန်းကို
စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ
တိုင်းတာသင့်တယ်…
---imagination is more important than knowledge---
ဘ၀ကို
အနှစ်သာရအပြည့်နဲ့
ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင်
အေးချမ်းတည်ငြိမ်းပြီး
ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင်
အချိန်တိုင်း အချိန်တိုင်းကို
သတိလေးနဲ့နေလိုက်ပါ…
---imagination is more important than knowledge---
ဘ၀ကို ရှင်းရှင်းလင်းလင်း
နေသွားချင်တယ်ဆိုရင်..
သတိလေးနဲ့ နေလိုက်ပါ…
ဘ၀ဟာရှင်းလာပါလိမ့်မယ်..
စိတ်ရှင်းရင် ဘ၀ရှင်းတယ်..
စိတ်ရိုးရင် ဘ၀ရိုးတယ်..
စိတ်ရှုပ်ရင် ဘ၀လည်းရှုပ်လာမယ်…
စိတ်ဆန်းပြားရင်…
ဘ၀လည်း ဆန်းပြားလာမယ်…
---imagination is more important than knowledge---
စိတ်ငြိမ်းချမ်းမှုဟာ
အခြေခံကျတဲ့
လွတ်လပ်မှုတစ်မျိုးပါပဲ…
---imagination is more important than knowledge---
လူ့ဘ၀မှာ စွန့်စားရတာနဲ့
အခက်အခဲတွေကို
ရင်ဆိုင်ကျော်လွှားရတာ
နဲနဲရှိမှ ကောင်းတယ်…
သို့မဟုတ်ရင် ဘ၀ဟာ
ပျင်းစရာကောင်းနေလိမ့်မယ်…
---imagination is more important than knowledge---

ငြိမ်းချမ်းနေတယ်…
ပျော်ရွှင်နေတယ်…
ကြည်လင်နေတယ်…
ကိုလုပ်ချင်တဲ့ အလုပ်ကို
လုပ်နေတယ်ဆိုရင်
သင်ဟာ အောင်မြင်နေတဲ့ သူပါ…
---imagination is more important than knowledge---

No comments: