သူငယ်ချင်းတို့ကြားဘူးပါလိမ့်မယ် ကမ်းနားသစ်ပင်ပမာဆိုတဲ့ မြန်မာစကားတစ်ခွန်းကို၊ အဲဒီစကားကို ကျွန်တော် ဉာဏ်မှီသမျှစဉ်းစားကြည့်တယ်..ကမ်းနားသစ်ပင်ဆိုတာ မြစ်ကမ်းနား/ချောင်းကပါးစသည်မှာရှိလေတော့..သူ့ရဲ့အမြစ်က ကုန်းပေါ်မှာပေါက်တဲ့ သစ်ပင်လို မခိုင်မြဲဘူး၊ နောက် ရေတိုက်စားရင် အမြဲတမ်းပြိုလဲသွားနိုင်တယ်၊ ကျွန်တော်တွေးမိသမျှလေးပါ။ကျွန်တော်တို့ရထားတဲ့ လူ့ဘ၀နဲ့ အဲဒီသစ်ပင်လေးကို နှိုင်းယှဉ်ကြည့်လိုက်ရင်..ဒီလိုလေ ဖြစ်မယ်နဲ့တူတယ်..ကျွန်တော်တို့တစ်တွေဟာ ကမ်းနားမှာပေါက်နေတဲ့ သစ်ပင်၊ သစ်ပင်အမြစ်ပမာ အမြစ်မခိုင်မြဲတာက လောဓံတရားလို့ခေါ်တဲ့ gain,non-gain, fame,non-fame, praise,non-praise, pain and pleasant စသည်တို့နှင့် တွေ့ကြုံလာသည့်အခါ မရင့်ကျက်၍ ခံနိုင်ရည်မှုမရှိ ၊ လေဒဏ် မိုးဒဏ်နှင့်တူတဲ့ အဲဒီကဲ့ရဲ့ခံရမှု၊ ချီးမွမ်းခံရမှုတွေ/ ရောဂါဘယတွေနဲ့ တွေ့ကြုံလာတဲ့အခါ ပစ္စည်းဥစ္စာစသည် အချိန်မရွေးလှဲကျနိုင်၊ ကျရှုံးသွားနိုင်ပါတယ်။အဲဒီတော့ ကုန်းပေါ်မှာ ပေါက်တဲ့ သစ်ပင်ပမာ..ရှိသင့်တဲ့ ခိုင်မာတဲ့ အမြစ်နှင့်တူတဲ့ ပညာနှလုံးသားစသည် ပြည့်ဝကြရင် ဘယ်လောကဓံ အတိုက်အခိုက်နဲ့ပဲလာလာ ခံနိုင်ရည်ရှိကြပြီး.. ရရှိလာတဲ့ တန်ဖိုးရှိတဲ့ ဘ၀လေးမှာ မိမိအကျိုး/ လူသားမျိုးနွယ်အကျိုး ဆောင်ရွက်နိုင်ပါလိမ့်မယ်လို့ တွေးဆလျှက်..
သူတို့လေးတွေက ပြောတဲ့စကားလေးတွေပါ။ ခံစားတတ်တဲ့နှလုံးသားနဲ့ နားလည်မှုရှိကြရင် အရာရာတိုင်းသည် သူ့တန်ဖိုးနဲ့ သူ့အရည်ချင်းရှိကြတာပါဘဲနော်။ အဲဒီတော့ ဘယ်သူ့ကိုမှ အထင်မသေးသင့်၊ အထင်လည်း အရမ်းမကြီးသင့်ပါဘူး။ မဟုတ်တာကို အထင်ကြီးမိလျှင် ဘ၀နာမည်။ ရိုးရိုးလေးရဲ့ခံစားမှုလေးတစ်ခုပါ သူငယ်ချင်း...
SUNSEToverLAKE
Our light will slowly fade
like the blaze of a sunset,
obscured by the rebirth
of the nocturnal majesty. 
WITHOUT YOU
On this road with my soul without You,
Anymore now I'm Free.
In the Look,when light of dark,
I stil's eyed my dreams. 
.EYES.
Can see how you are beautifull,
can you feel my eyes on you?
I'm shy and turn my head away. 
၀၈ 

 သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...

No comments:
Post a Comment