မြန်မာစကားပုံမှာ အလုပ်မရှိ ပဲနဲ့ဆန်ရောပြီး ပြန်ရွေးတဲ့။ အဲဒီလိုဟုတ်လားတော့ မသိဘူးလေ။ ဒါပေမယ့် ကျွန်တော်က ဆန်တော့ရွေးစရာ မလိုပါဘူး။ ရိုးရိုးလေးကတော့ အလုပ်မရှိတာတော့ မဟုတ်ပါဘူး စာတွေကျက်စရာတွေက အများကြီးပဲ။ စာမေးပွဲနီးလို့ စာကျက်မယ်ဆိုပြီးပြောထားပေမယ့် ရေခြားမြေခြား မိဝေး ဖဝေးမှာနေရတော့ ကျွန်တော်ပျင်းတယ်လေ။
ဒီမှာ ကျွန်တော့ အပျင်းကိုဖြေပေးမယ့် အနီးကပ်ချစ်သူငယ်ချင်းက ပညာပန်းဥယျာဉ်လေးလေ။ သူကကျွန်တော်လုပ်သမျှ သူကခံတယ်လေ, အင်း---အသက်မရှိပေမယ့် မှန်တာလုပ်တာမှ သူကလက်ခံတာ။ မှားတော့ လုပ်မရဘူး တခါတည်း Error ဆိုပြီးပြောတော့တာပဲ။ ချစ်သူငယ်ချင်းဆိုပြီး မျက်နှာမထောက်ထားဘူးဗျ။ အလုပ်လုပ်ရင်းလည်း သူကဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ပေးတယ်။ အသက်မဲ့ဖြစ်ပေမယ့် သူနဲ့ပေါင်းရတာတော်တော်ပျော်စရာကောင်းတယ်။ ပညာလည်း အများကြီးရတယ်။
ဒါနဲ့ဒီနေ့လည်း ပျင်းတာနဲ့ ဘလော့ဂ်Templateရွေးနေလိုက်တယ်။ TemplateထဲကTemplateကိုတော့ ရွေးပြီး,ပြောင်းထားပြီးပီ။
သူငယ်ချင်းများ ဖတ်ရတာ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်..

 သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...

No comments:
Post a Comment