ကျွန်တော်တို့ လူငယ်တွေ နေ့စဉ်သင်ကြားလေ့လာသင်မှုစသည်နဲ့ပတ်သက်၍ ဘ၀ထဲမှာ applyလုပ်သင့်တဲ့ အချက်ကလေးကို ကျွန်တော် ဉာဏ်မှီသမျှ တင်ပြထားတာပါ။ ကျွန်တော်တို့တစ်တွေ ငယ်စဉ်ဘ၀ကစပြီး ယနေ့တိုင်အောင် မြန်မာ,အင်္ဂလိပ်စာပေများကိုဝါသနာအလိုက်သင်ကြားကြပါတယ်။ ဒါပေမယ့် နေ့စဉ်ဘ၀ထဲမှာ သိထားတဲ့အတိုင်း အတန်းအလိုက်သင်ယူတဲ့အတိုင်း အသုန်း{apply}မပြုတဲ့အတွက် ရေးနည်းသင်တန်း၊ စကားပြောသင်တန်းတွေကို သီးခြားအနေနှင့် တက်ရောက်သင်ကြားနေရပါတယ်။ ကျွန်တော်တို့ တစ်တန်း၊ နှစ်တန်းမှာ သင်ကြားခဲ့ရတဲ့ I am Tun Tun, What is your namw? This is a book. စသည့် အင်္ဂလိပ်စာ
ဝါကျများကို နေ့စဉ်ဘ၀ထဲမှာ ၀ါသနာပါတဲ့ သူငယ်ချင်း အချင်းချင်းနဲ့ နေ့စဉ်အသုန်းပြုခဲ့လျှင်..အင်္ဂလိပ်စကားပြောနှင့် ဂရမ်မာအတွက် သည်းခြားသင်စရာလိုမည်မထင်ပါ။
ဒါပေမယ့် ယနေ့ဖြစ်နေတာက ကျွန်တော်တို့ အင်္ဂလိပ်စာကို သူငယ်တန်းမှစ၍ တက္ကသိုလ်အထိ နှစ်များစွာမြှုပ်နှံပြီး သင်ခဲ့ကြသော်လည်း အင်္ဂလိပ်စာကို ဂရမ်မာကျကျ၊ စကားပြောနည်စနစ်ကျကျ ရေးတတ်၊ ပြောတတ်လားဆိုတော့။ NO။ ဘာလို့လဲလို့ဆိုတော့ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်စရာတော့ လိုမယ်မထင်ပါဘူး အကြောင်းကရှင်းရှင်းလေးပါ၊ ဘ၀ထဲမှာ {daily life မှာ}applyမလုပ်ခဲ့တဲ့အတွက်ပါ။ ဒါကြောင့် တက္ကသိုလ်ပြီးမှ နိုင်ငံခြားကို ပညာသင်သွားခါနီးမှ အင်္ဂလိပ်ဂရမ်မာသင်တန်း တက်ကြရ၊ စကားပြောသင်တန်းတက်ကြရနဲ့ ကျွန်တော်တို့တစ်တွေ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းတာပေါ့၊ ငွေကုန်တာကရှာရပါတယ်၊ လူပင်ပန်းတာကလည်း ပုံမှန်အထိမရပေမယ့် အတိုင်းအတာတစ်ခုအထိ ပြန်ရနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကိုတော့ ပြန်မရနိုင်ပါ၊ အချိန်ကတော့ ပျံနေတဲ့ ငှက်ကလေးရအောင် အမိဖမ်းရသလိုပါ၊ ငှက်ကလေးက နောက်တစ်ခါဖမ်းမိဖို့ ဖြစ်နိုင်ပါသေးတယ်။ ကုန်လွန်သွားတဲ့ တန်းဖိုးရှိတဲ့ အချိန်တွေကတော့ ပြန်ရဖို့ အခွင့်မလမ်း လုံးဝ (လုံးဝ) မရှိပါဘူး။ အဲဒီတော့ ရိုးရိုးလေးတို့တစ်တွေ နေ့စဉ်ရတဲ့ အတတ်ပညာ/ ကောင်းတဲ့အမူအကျင့်တွေကို နေ့စဉ်ဘ၀ထဲမှာ{apply} အသုန်းချသင့်တယ်ဆိုတဲ့ အချက်ပါ။
ကျွန်တော် ခံစားမိသမျှလေးတွေပါ။ နေ့စဉ်ဘ၀ပညာမှသည် ထာဝရပညာဖြစ်အောင် သင်ယူအသုန်းပြုသင့်ပါတယ်လို့ အကြံပြုရင်း....................
20 March 2008
Subscribe to:
Post Comments (Atom)

 သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...

No comments:
Post a Comment