English Grammar In brief -အင်္ဂလိပ် ဂရမ်မာ အကျဉ်း
ရိုးရိုးလေးရဲ့ ဤ“ဂရမ်မာဥယျာဉ်”သည် ပညာရှင်တို့အတွက် မဟုတ်သည်ကို ရိုးရိုးလေး ရိုးရိုးသားသားဝန်ခံပါရစေ၊ ရိုးရိုးလေးရဲ့ဒီဂရမ်မာ ရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘာသာကို မြန်မာလို ဘာသာပြန်ဖို့ရန် အခက်အခဲတွေ့နေကြတဲ့ ရိုးရိုးလေးလို သူငယ်ချင်းများ၊ ကျောင်းသားများအတွက်သာရည်ရွယ်ပါသည်။ “ဝေဘန် အမှားပြင်ဆင်ပေးမှုကို ကြိုဆိုလျက်”
အင်္ဂလိပ်စာဖတ်တတ်ရန်၊ ဘာသာပြန်ဖို့ ဆန္ဒရှိသူအဖို့ ပထမဦးဆုံး အခြေခံဝါကျ ၅မျိုးကို နားလည်ရမည် ဖြစ်ပါသည်။
အခြေခံ ၀ါကျ (၅) မျိုး-
Subject+verb (s+v)
Subject+verb+complement (s+v+c)
Subject+verb+object (s+v+o)
Subject+verb+indirect object+ direct object (s+v+i.o, d+o)
Subject+verb+object+complement (s+v+o+c)
(S-Subject/ V-Verb/O-Object/ C-Complement/ I-Indirect/ D-Direct)
ပုံစံ (၁) s+v
A boy stands.
လူကလေး ရပ်သည်။
ပုံစံ (၂) s+v+c
He is a student. {n}
သူသည်ကျောင်းသာ ဖြစ်သည်။
He is clever. {adj}
သူလိမ္မာသည်။
He is here. {adv}
သူ ဒီမှာ ရှိသည်။
He is in the garden. {Phrase}
သူ ဥယျာဉ်ထဲမှာ ရှိသည်။
အထက်ပါဝါကျများကို ကြည့်ခြင်းအားဖြင့် ၀ါကျမပြည့်စုံသောကြောင့် ဖြည့်ပေးရမယ့် Complement {C} အဖြည့်ပုဒ်သည် {၄} မျိုးရှိနိုင်ကြောင်း သိရမည်။ ၄င်းတို့မှာ…
1. Noun {student}
2. Adjective {clever}
3. Adverb {here}
4. Phrase {in the garden}
ပုံစံ (၃) s+v+o
He kills a mouse.
သူ ကြွက်ကို သတ်သည်။
ပုံစံ (၄) s+v+i-o/d-o
He gives me a book.
ကျွန်တော့်ကို စာအုပ်တစ်အုပ် သူ ပေးသည်။
Me နှင့် a bookသည် object များဖြစ်သည်။ a bookသည် subject နှင့် တိုက်ရိုက်ထိတွေ့ရသဖြင့် D-Oဖြစ်ပြီး၊ me သည် တစ်ဆင့်ခံ ထိတွေ့ရသဖြင့် I-O ဖြစ်သည်။
D-O (တိုက်ရိုက်ကံ) I-O (တစ်ဆင့်ခံကံပုဒ်)
(Direct object) (Indirect object)
မှတ်ချက်။ ။
He gives a book to Mg Hla.
မောင်လှကို စာအုပ်တစ်အုပ် သူ ပေးသည်။
ဤ၀ါကျတွင် Mg Hla (Proper noun) ကိုယ်ပိုင်နာမ် (indirect object) ကို verbနှင့် ကပ်မထားရပါ။ ဤနေရာတွင် Direct objectသာ ထားရမည် ဖြစ်ပါသည်။
ပုံစံ (၅) s+v+o+c
The sun keeps us warm.
s v o c
ကျွန်တော်တို့ကို နေက နွေးစေသည်။
He gets himself ready.
s v o c
သူဘာသာသူ အသင့်ပြင်သည်။
He found his box empty.
s v o c
သူ့ သေတ္တာ ဘာမျှမရှိတာ သူတွေ့ပြီ။
Government sets the prisoners free.
s v o c
အကျဉ်းသားများကို အစိုးရက လွှတ်လိုက်ပြီ။
She pushed the door open.
s v o c
တံခါးကို သူ တွန်းဖွင့်လိုက်သည်။
He painted the door green.
s v o c
တံခါးကို သူ အစိမ်းရောင် သုတ်သည်။
01 January 2008
ဂရမ်မာဥယျာဉ် အခန်း ၁
Labels:
ဂရမ်မာဥယျာဉ် အခန်း ၁
Subscribe to:
Post Comments (Atom)

သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...



No comments:
Post a Comment