သတိ {Mindfulness}
သတိဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။
သတိမရှိတဲ့စိတ်ဟာ အိမ်မရှိတဲ့လူလိုပဲ
ကြုံရာ ခြေဦးတည့်ရာ လျှောက်သွားနေတတ်တယ်။
ကြုံရာမှာ နေတတ်တယ်။
တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။
ဂုဏ်သိက္ခာမရှိဘူး.....
ဘ၀မှာ အပျော်ဆုံးလူဆိုတာ ဘယ်သူလဲ ?
ဘ၀မှာ အဆင်မပြေမှုတွေ ဒုက္ခတွေ အများကြီးရှိလျက်နဲ့
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့သူတွေ ရှိတယ်။
အားလုံးအဆင်ပြေမှ စိတ်ချမ်းသာမယ်ဆိုရင်တော့
ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။
အဆင်မပြေမှုတွေ ရှိနေပါလျက်
စိတ်ချမ်းသာအောင် နေတတ်မှ
တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူဖြစ်မယ်။
စိတ်ချမ်းသာအောင် နေတတ်ကြပါစေ။
>ဆရာတော် ဦးဇောတိက<
10 January 2008
"Mindfulness"
Labels:
သတိမမူ ဂူမမြင်
Subscribe to:
Post Comments (Atom)

သားလေး! သူများhappy birthdayဆိုတိုင်း သားလေးပျော်နိုင်ပါ့မလား? သားလေးကလည်း ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ကြ၊ ဆွေးစရာနဲ့တွေ့ရင် လွမ်းဆွေးလိုက်ကြတဲ့ လောကကြီးအတွင်းမှာ နေကြရတဲ့ လူသားထဲက လူသားတစ်ယောက်ပဲဆိုတော့ အမေ့သားဖြတ်သန်းခဲ့တဲ့ အသက်အပိုင်းခြားအတွင်းမှာ ပျော်စရာအဖြစ်ရရှိခဲ့တဲ့ အချိန်ကို ရေတွက်လို့ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်မပြေ၊ ငြီးငွေ့စရာ၊ အလိုမကျစရာအချိန်တွေကတော့ ရေတွက်လို့ရမယ်မထင်ပါဘူး သားရယ်၊ ဒါပေမယ့် အဲဒီအခက်အခဲတွေကြားကနေ..ရသင့်တဲ့ဘ၀အနှစ်သာရတစ်ခုကိုတော့ ရယူသင့်ပါတယ် သား။ ဒါမှ သားလူဖြစ်လာရကျိုး, မေမေမွေးရကျိုးနပ်မှာပေါ့ သားလေး...



No comments:
Post a Comment