10 January 2008

ဂရမ်မာဥယျာဉ် အဆက်၉ the end

အခန်း (၅)
ဤအခန်းတွင် စာဖတ်သူများလေ့လာပြီးသော ပုံသေနည်းဖြင့် ဖတ်မရနိုင်သော ၀ါကျအချို့၊ အကြောင်းအရာအချို့ကို ဖော်ပြပါမည်။
It all began.
အဲဒါ စခဲ့တာတော့ ကြာပြီ။
Just as…သလိုပဲ၊ အတိုင်းပဲ
Just as she thought, Mary made mistake.
သူထင်တဲ့အတိုင်း မေရီအမှား လုပ်တော့တာပဲ။
Be going to+v တော့မလို့
I am going to go out.
ကျွန်တော် အပြင်သွားတော့မလို့။
Would rater, would sooner= ရွေးချယ်ခြင်းအနက်
I would rather take tea.
ကျွန်တော် လက်ဖက်ရည်ပဲ သောက်တော့မယ်။
Come=အတိုင်း (၀ါကျအစတွင်ရှိသည်။)
Come, let’s start. ကိုင်း စကြစို့။
Look =ရော် ခက်ပြီ။
Look I said I didn’t know.
I don’t like people asking questions.
ရော် ခက်ပြီ, ငါ မသိဘူးဆိုမှ မေးခွန်းတွေ မေးတဲ့လူ ငါမကြိုက်ဘူးကွာ။
ဤ Look I said I didn’t know ၀ါကျကို ကြည့်/ မသိပါဘူးဆိုမှဟု ဘာသာပြန်နိုင်ပါသည်။ နေ့စဉ်သုံး ကြည့်သည်/မြင်သည် တို့နှင့် လွဲနိုင်သဖြင့် “ရော် ခက်ပြီ”ဟု ဆရာ့ အလိုကျ ဘာသာပြန်ပေးပါသည်။
I wish, if only=စေချင်လိုက်တာ
I wish ZinZin was here now.
ဇင်ဇင်ကို ဒီမှာ ရှိစေချင်လိုက်တာ။
If only the sun was shining at the moment.
အခုနေ နေသာစေချင်လိုက်တာ။

အခြားမှတ်စရာအချို့
Discourse Markers=စကားဖြည့်များ
စကားပြောရာတွင်လည်းကောင်း၊ စာရေးရာတွင်လည်းကောင်း စကားတစ်ခွန်နှင့်တစ်ခွန်း စာတစ်ကြောင်းနှင့်တစ်ကြောင်း အကြားတွင် ဖြည့်ပေးသော စကားများဖြစ်သည်။ စာနှင့်စကားကို ပိုမိုချောမွေ့စေသည်။
ဥပမာ-
It is better then.
ဒီလိုဆိုလည်း ကောင်းသားပဲ။
စကားဖြည့် Discourse markersများ အင်္ဂလိပ်စာတွင် များစွာရှိပါသည်။ ဤနေရာ၌ အနည်းငယ်မျှဖော်ပြပါမည်။ စာဖတ်သူများ ဂရမ်မာစသည် ဆက်လက်လေ့လာလျှင် တွေ့ပါလိမ့်မည်။
Talking about= ဒါနဲ့ ပတ်သက်လို့ ပြောရရင်
Regarding= ဒါနဲ့ပတ်သက်လို့ ပြောရရင်
As regards= ဒါနဲ့ပတ်သက်လို့ ပြောရရင်
As far as…as concerned =ဒါနဲ့ပတ်သက်လို့ ပြောရရင်
As for = အနေနှင့် {as for you=မင်းအနေနှင့်}
Firstly, first of all, to begin with = ပထမအနေနဲ့
Secondly = ဒုတိယအနေနဲ့
Finally = နောက်ဆုံးအနေနဲ့
For on thing = တစ်ချက်က
For another thing = အခြားတစ်ချက်က
Similarly = အလားတူ
All the same = ဒါပေမယ့်
Yet/ but = ဒါပေမယ့်
Still = အခြားတစ်ဘက်က
On the other hand = အခြားတစ်ဘက်က
In particular = အထူးသဖြင့်
Apart from = ဒါ့အပြင်
With the exception of = ချို့ယွင်းချက်အနေနဲ့
So on and so forth = စသည် စသည်ဖြင့်
On the whole = ခြုံငုံပြောရရင်
In general = ယေဘုယျအားဖြင့်
As a rule = ထုံးစံအတိုင်းကတော့
In most case, mostly = များသောအားဖြင့်
Broadly speaking = ကျယ်ကျယ်ပြန့်ပြန့်ပြောရရင်
Frankly to say = ပွင့်ပွင့်လင်းလင်းပြောရရင်
I mean = ကျွန်တော်ဆိုလိုတာက
That is to say = အဲဒါက ဒီလိုဗျာ
In other words = တစ်နည်းပြောရရင်
Any way, any how =ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
By the way = စကားမစပ်
I say! = အေးဗျာ
Incidentally = စကားမစပ်
I think/ I feel =ကျွန်တော့် အထင်တော့
I suppose = ကျွန်တော့်အထင်တော့
So to speak, so to say = ဆိုကြပါစို့
I sort of/ kind of believe = ယုံတယ်လို့ ဆိုပါတော့
I’m afraid = ပြောရမှာတောင် စိတ်မကောင်းဘူးဗျာ
Actually, in fact, as a matter of fact, to tell the truth =အမှန်ပြောရရင်တော့
Hopefully = မျှော်လင့်တဲ့ အတိုင်းပဲ
True to = အညီ
အထက်ပါစကားစုများ၏ အဓိပ္ပါယ်များ စာဖတ်သူ အင်္ဂလိပ်စာ စာပိုဒ်များဖတ်ရှုလေ့လာသောအခါ ပိုမိုရှင်းလင်းသွားလိမ့်မယ်လို့ ရိုးရိုးလေး မျှော်လင့်ပါတယ်။
ဤနေရာ၌ ဒီမျှသာ ရေးသားဖော်ပြပါရစေ။
ပြီးပါပြီ။

ဝန်ခံချက်။ ။
ရိုးရိုးလေး လေ့လာခဲ့တဲ့ ဂရမ်မာစာအုပ်များသည် အင်္ဂလိပ်လိုရော အင်္ဂလိပ်+မြန်မာလိုပါ များစွာရှိခဲ့သော်လည်း ဒီဂရမ်မာသည် အင်္ဂလိပ်စာကို မြန်မာလိုဘာသာပြန်တတ်ဖို့ ထိရောက်မှုလည်းရှိ/ ကျဉ်းလည်းကျဉ်း/ တစ်ထိုင်တည်းနဲ့လည်း လေ့လာနိုင်သဖြင့် ရိုးရိုးလေးရဲ့ သူငယ်ချင်းများ/စာဖတ်သူများကိုလည်း ဘာသာပြန်အခက်အခဲရှိခဲ့လျှင် လေ့လာကြည့်ဖို့ Shareလုပ်ခြင်းပါ။
ဆရာကြီးမဟုတ်ပါ/ ပညာသင်ယူ,လေ့လာရေးလမ်းပေါ်မှာသာ ရှိသေးတဲ့ ပညာသင်ကျောင်းသားလေးတစ်ယောက်ပါပဲ။
အင်္ဂလိပ်စာဝါကျအထားအသိုများ/ ဘာသာပြန်ပုံများ မှားယွင်းခဲ့သော် ရိုးရိုးလေးရဲ့ဆရာ့ အပြစ်မဟုတ်ပါ။ ရိုးရိုးလေးရဲ့ Mistakeများဖြစ်ပါကြောင်းလည်း ၀န်ခံပါရစေ။

စာဖတ်သူများလည်း..ရိုးရိုးလေးလေ့လာတဲ့ ဂရမ်မာထက် ပိုကောင်းတဲ့ အင်္ဂလိပ်ဂရမ်မာ ရှိကောင်း ရှိပါလိမ့်မယ်လို့ ထင်ပါတယ်။
ဖြည့်စွက် Shareလုပ်မှုကို ကြိုဆိုလျှက်

No comments: