04 January 2008

ဂရမ်မာဥယျာဉ် အဆက် ၇

3. Adverbial Clauses of manner
အမူအရာပြ စကားဆက်များပါသော Clause ဖြစ်သည်။
ဥပမာ-
Type this again as I showed you a moment ago.
လွန်ခဲ့တဲ့ အချိန်အနည်းငယ်အတွင်းက ငါပြထားတဲ့ အတိုင်း ဒီစာအုပ်ကို ပြန်ရိုက်ပါ။
အမူအရာပြ အခြားစကားဆက်များ-
As -အတိုင်း/သလို
How/ the way - အတိုင်း/သလို
In that way - အတိုင်း/ သလို
The way in which - အတိုင်း/ သလို
In the same way - ဤနည်းအတိုင်း
As if - ဘိသကဲ့သို့
As though -ဘိသကဲ့သို့
နမူနာပုံစံ-
She acted as if she were mad.
ရူးနေဘိသကဲ့သို့ သူ ပြုမူသည်။ (အခြားအလားတူ ပုံစံများကိုလည်း ဤနည်းတူ သိပါလေ။)

4. Adverbial Clauses of reason
အကြောင်းပြချက် စကားဆက်ပါသော Adverbial Clause ဖြစ်သည်။
ဥပမာ-
As/because/ since there was very little support, the strike was not successful.
ထောက်ခံမှု အနည်းငယ်သာရသောကြောင့် သပိတ်သည် မအောင်မြင်ပါ။
အခြားအကြောင်းပြချက်ပြ စကားဆက်များ
Seeing that -သောကြောင့်
For - သောကြောင့်

5. Adverbial Clauses of condition
အခြေအနေပြစကားဆက်များပါသော Adverbial Clauseဖြစ်သည်။
ဥပမာ-
If the rain stops, we’ll be able to go for a walk.
မိုးတိတ်လျှင် ငါတို့ လမ်းလျှောက်ထွက်နိုင်တာပေါ့။
အခြေအနေပြ စကားဆက်များအကြောင်း ဆွေးနွေးလျှင် “if” ပုံစံ (၃)မျိုးအကြောင်း အရိပ်အမြွတ်ပြောပြပါမည်။ အကယ်၍ အကျယ်သိလိုက နှစ်သက်ရာ သဒ္ဒါစာအုပ်မှာ ရှာဖွေကြည့်စေလိုပါသည်။ အဆင့်မြင့် သဒ္ဒါစာအုပ်များတွင် “if”ပုံစံကို ထည့်သွင်းထားသည်မှာ စာဖတ်သူကို များစွာရှင်းပြရမည်ဖြစ်ပါသည်။ ဤAdverbial Clauseကဏ္ဍတွင် စာဖတ်သူ မြန်မာလို အဓိပ္ပါယ်ဘာသာပြန်လွယ်ရုံမျှ ဖော်ပြပါမည်။
“If” ပုံစံ (၃)မျိုး
1. If+S+Present, S+will+V.
If I lose my job, I will go abroad.
အလုပ်မရှိရင် ငါ နိုင်ငံခြားသွားမယ်။
2. If+S+Past, S+Would+V.
If I lost my job, I would go abroad.
ငါသာ အလုပ်မရှိခဲ့ရင် ငါနိုင်ငံခြားသွားမှာ။
(အခု အလုပ်ရှိတယ်၊ သွားဖို့ မလိုပါ-ဟုဆိုလို)
3. If+S+had+past participle, S+ Would have+past participle.
If I had lost my job, I would have gone abroad.
အလုပ်သာမရှိခဲ့ရင် ငါ နိုင်ငံခြား သွားကောင်းသွားမယ်။
(အလုပ်လည်းရှိ၊ လစာလည်းကောင်း၍ ဖြစ်နိုင်ခြေ မရှိသလောက် အခြေအနေကိုပြ)
“If”ကို “လျှင်” “ရင်”နဲ့သာ အဓိပ္ပါယ်ပြန်သည်။
အထက်ပါပုံစံ (၃)မျိုးမှ ခွဲထွက်လာသော ပုံစံကွဲများမှာ အလွန်များပါသည်။ ၄င်းတို့အနက် စာဖတ်သူ အခက်အခဲဖြစ်နိုင်သော ပုံစံအနည်းငယ်ကို ရှင်းပြပါမည်။
ပုံစံ -၁-
If+should
If he should call,
tell him I’ll ring back.
သူ ဖုန်းခေါ်ရင် ငါပြန်ဆက်မယ်လို့ ပြောလိုက်။
အထက်ပါပုံစံကို 1. If+shouldကို ‘if’ဖျောက်ပြီး ရေးနိုင်သည်။
Should he call, tell him I’ll ring back.
အဓိပ္ပါယ်တူပါသည်။ “လျှင်”နဲ့သာ ဘာသာပြန်ပါ။
ပုံစံ-၂-
Imperative+conjunction+clause
အမိန့်ပေး/ခိုင်း+စကားဆက်+၀ါကျကဏ္ဍ မေတ္တာရပ်/အကြံပြု
(ဘာသာပြန်သောအခါ “လျှင်”ဖြင့်သာ ဘာသာပြန်သည်။)
ဥပမာ-
Fail to pay and, they’ll cut off the electricity.
ငွေပေးဖို့ ပျက်ကွယ်လျှင် သူတို့ မီးဖြတ်လိမ့်မယ်။
Tell us what to do and we’ll get on with it.
ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာပြောရင် ကျွန်တော် ဆက်လုပ်မှာပေါ့။
Stop eating sweets, or you won’t get any dinner.
အချိုတွေ စားတာ မရပ်ဘူးဆိုရင် မင်း ညစာစားလို့ရမှာ မဟုတ်ဘူး။
Take a taxi, otherwise you will muss your train.
အငှားယာဉ်မခေါ်ဘူးဆိုရင် မင်း ရထားလွတ်သွားမယ်။
ပုံစံ-၃-
If+were to+would
If the government were to cut tax,
price would tall.
အစိုးရကသာ အခွန်လျော့ချရင် ဈေးကျမှာ။ (ဆိုလိုသည်မှာ-အစိုးရက အခွန်မလျော့ ဟုဆိုလို)
ယင်းဝါကျ “if”ကို ဖြုတ်ပြီး wereကို ရှေ့ထုတ်ရေးနိုင်သည်။ အဓိပ္ပါယ် တူသည်။
Were the government to cut tax, price would fall. {were –if}
ပုံစံ-၄-
Had+s+past participle
ပင်မအမှတ် (၃)ပုံစံ if+s+had+past participleပုံစံကို ‘if’ဖျောက်ပြီး ရေးထားခြင်းဖြစ်သည်။ အဓိပ္ပါယ်တူပါသည်။
ဥပမာ-
Had the management acted sooner, the strike wouldn’t have happened.
အုပ်ချုပ်ရေးဌာနက အလျှင်အမြန်ဆောင်ရွက်ခဲ့လျှင် သပိတ်တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိပါ။ (ဆိုလိုသည်မှာ-အုပ်ချုပ်ရေးဌာနက ဘာမျှ မဆောင်ရွက်ခဲ့ဟု ဆိုလို)
‘if’နှင့် အဓိပ္ပါယ်တူ စကားဆက်များ-
As long as - လျှင်
Assuming that – လျှင်
Even if – ဆိုရင်တောင်မှ
If only – သို့မှသာ
On the condition that – လျှင်
Provided/ providing that – လျှင်
So long as – လျှင်
If not/ unless – မဟုတ်ဘူးဆိုလျှင်
Suppose that – လျှင်
Supposing that – လျှင်
What if – ဆိုရင်ကော
Say – ဆိုရင်ကော
If so – ဒီလိုဆိုရင်
In that case – ဒီလိုဆိုရင်
Then - ဒီလိုဆိုရင်
အထက်ပါ စကားဆက်များအတွက် နမူနာဝါကျအနည်းငယ် ဖော်ပြပါမည်။
What if/ Say he gets home before us and can’t get in?
သူ ကျွန်တော်တို့ အရင်အိမ်ရောက်နေရင်ကော သူ အိမ်ထဲဝင်နိုင်ပါ့မလား?
He may be busy, if so, {if that case} I’ll call later.
သူအလုပ်များနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော် နောက်ပြန်ဆက်လိုက်မယ်။
‘if’အစားသုံးသေား အခြားပရိယာယ်များ-
With luck, we’ll be there by tomorrow.
ကံကောင်းရင် မနက်ဖြန် ကျွန်တော်တို့ ရောက်လိမ့်မယ်။
Give time, they’ll probably agree.
သူတို့ကို အချိန်ပေးမယ်ဆိုရင် သဘောတူမှတ်ပါ။
To hear him talk, you’d think he was a Prime Minister.
သူ့စကားသံကို ခင်ဗျားကြားရရင် သူ့ကို ၀န်ကြီးချုပ်လို့တောင် ထင်မှာ။
But for his pension, he would starve.
သူ ပင်စင်သာမရရင် ငတ်မှာ။
Without your help, I couldn’t have done it.
ခင်ဗျား အကူအညီသာမရရင် ဒဲဒါ ကျွန်တော်လုပ်လို့ရမှာ မဟုတ်ဘူး။
In different circumstance, I would have said yes.
အခြေအနေသာ အပြောင်းအလဲရှိမယ်ဆိုရင် ဟုတ်ကဲ့လို့ ကျွန်တော်ပြောမိမှာ။
အထက်ပါ ‘if’ပုံစံ ၀ါကျများသည် ရိုးရိုးသဒ္ဒါစည်းကမ်းဖြင့် ဘာသာပြန်လို့ မရသည်ကို တွေ့ရမည်။

6. Adverbial clauses of concession
ဆန့်ကျင်ဘက် အနက်ဖြစ်သော “သို့ပေမယ့်” “သော်ငြားလည်း”စသော စကားဆက် although, considering that, though, even though, even if, much as …, while, where as, however much, badly, good, no matter howတို့ဖြင့် ရေးထားသော Clauseများဖြစ်ပါသည်။
ဥပမာ-
Although I felt sorry for him, I was secretly pleased that he was having difficulties.
သူ့အတွက် ငါစိတ်မကောင်းပေမယ့် သူ့အခက်အခဲတွေ့နေတာ ကြိတ်ပြီး ၀မ်းသာမိတယ်။
I intend to go to Singapore even if air fares go up again.
လေယာဉ်ခ ထပ်တက်သွားပေမယ့် စင်ကာပူကို ငါသွားဖို့ စိတ်ကူမိတယ်။
Much as I’d like to help, there isn’t a lot I can do.
ကျွန်တော် ကူညီချင်ပေမယ့် အများကြီးတော့ မတက်နိုင်ဘူး။

7. Adverbial Clauses of Purpolse
ရည်ရွယ်ချက်ပြစကားဆက်များဖြစ်သော “စေရန်၊ အလို့ငှာ၊ စိုးလို့”ဟု ဘာသာပြန်ရသော စကားဆက်များ so that, in order that, in case, lest and for fear thatတို့ဖြင့် ရေးထားသော clauseများဖြစ်သည်။
ဥပမာ-
I’ve arrived early so that I will get a good view.
မြင်ကွင်းကောင်းကောင်းရစေရန် ငါစောစောရောက်တယ်။
I arrived early so as not to miss anything.
ဘယ်အရာမှ မလွတ်သွားစေရန်အလို့ငှာ ငါစောစောရောက်တယ်။
In case, lest, for fear that…..အဆိုပါစကားဆက်များသည် “စိုးလို့”ဟု အနက်ပြန်ရသည်။
I asked them to ring first lest we were out.
ငါတို့ အပြင်ရောက်နေမှာစိုးလို့ အရင်ဖုန်းဆက်ဖို့ ငါ သူတို့ကို မှာထားတယ်။

8. Adverbial Clauses of result
အကျိုးပြ စကားဆက်များဖြစ်သော “လောက်အောင်ကို”ဟု အနက်ပြန်ရသည်။ ‘so…that, ‘such…that’များပါသော စကားဆက်ဖြင့်ရေးသည့် clauseများ ဖြစ်သည်။
ဥပမာ-
His reactions are so quick that no one can match him.
သူ့ကို မည်သူမျှ မယှဉ်နိုင်လောက်အောင် သူ့တုန့်ပြန်မှုများက မြန်သည်။
They are such wonderful players that no one can beat them.
ဘယ်သမျှ သူတို့ကို မနိုင်လောက်အောင် တော်သော အားကစားသမားများဖြစ်သည်။

9. Adverbial clauses of comparison
နှိုင်းယှဉ်ခြင်းပြ စကားဆက်များဖြစ်သော “သလောက်” “ထက်”ဟု ဘာသာပြန်သည့် ‘as…as’ more…than’ ‘less…than’တို့ပါသော clauseများ ဖြစ်သည်။
ဥပမာ-
Thazin is as beautiful as Diana.
ဒိုင်ယာနာလှသလောက် သဇင်လှပါတယ်။
He is not so tall as his brother.
သူ့ညီ အရပ်ရှည်သလောက် သူ မရှည်ပါ။
His sister is quicker than he.
သူ့ထက် သူ့ညီမက ပိုမြန်တယ်။
The more you practice the better you get.
မင်းလေ့ကျင့်လေလေ ပိုရလေလေပဲ။
မှတ်ချက်-
Adverbial Clausesများသည် အမျိုးအစား အများဆုံးနှင့် အသုံးအများဆုံး ၀ါကျများဖြစ်ပါသည်။ ပိုမို၍ လေ့လာသင့်ပါသည်။

No comments: